အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး
Your browser doesn’t support HTML5
မကြာသေးခင်နှစ်တွေကတည်းက အမေရိကန် နဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ၊ နှစ်နိုင်ငံကြားဆက်ဆံရေးမှာ အတက်အကျတွေရှိခဲ့ပါတယ်။ အခုအခါ၊ ပါကစ္စတန်နိုင်ငံမှာ အစိုးရ သစ်တက် လာတာနဲ့အတူ၊ နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေပုံမှန်ပြန်ဖြစ်လာဖို့ ကြိုးစားရာမှာ အမေရိကန်ရော၊ ပါကစ္စတန်ပါ နှစ်နိုင်ငံလုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ လည်းရှိနေပါတယ်။ အဲဒီ စိန်ခေါ်မှုတွေထဲမှာ၊ အထူးသဖြင့်တော့ ပါကစ္စတန်နိုင်ငံထဲမှာ အမေရိကန်က အဝေးထိန်းဒုံးလက်နက်တွေအသုံးပြုတိုက်ခိုက်နေတဲ့ ကိစ္စဟာ နှစ်နိုင်ငံကြား အဓိက အခြေတင်ဆွေးနွေးရမယ့် ကိစ္စဖြစ်လာနိုင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Kokab Farshori သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေး မှာပါ။