ခရီးသွားအများဆုံးမြို့တော် ဘန်ကောက် စံချိန်တင်

Your browser doesn’t support HTML5

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ဟာ အခု နိုင်ငံခြား ခရီးသွား အများဆုံးလာတဲ့ မြို့ အဖြစ် စံချိန်တင်သွားပါတယ်။ အရင်က စံချိန်တင်ထားတဲ့ မြို့က လန်ဒန်မြို့ပါ။ အကြွေးကတ် Master Card ကုမ္ဗဏီရဲ့ နောက်ဆုံးစစ်တမ်းကနေ ၂၀၁၃ ခုနှစ် အတွက် နိုင်ငံခြား ခရီးသွား အများဆုံး လာတဲ့ နေရာအဖြစ် ဘန်ကောက်ကို မှတ်တမ်းတင်လိုက်တာ ဖြစ်ပါတယ်။ အေပီ သတင်းကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။