ဒေါ်စု မွေးနေ့ အခမ်းအနားကျင်းပ
Your browser doesn’t support HTML5
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အခမ်းအနားတွေဟာ တချိန်တုန်းက တရားဝင်ကျင်းပခွင့်ရခဲ့တဲ့ အခမ်းအနားတစ်ခုမဟုတ်ပါဘူး။ အခုတော့ တိုင်းပြည်ပြောင်းလဲလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အခမ်းအနားတွေကိုလဲ မွေးနေ့ရှင်ကိုယ်တိုင် ပါဝင်ပြီးတော့ စည်ကားစွာ ကျင်းပလာနိုင်နေပါပြီ။ ၂၀၁၃ ခုနှစ် ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ (၆၈) နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကို ကိုယ်တိုင်သွား ပြီး သတင်းယူခဲ့တဲ့ ကိုစည်သူက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။