မြန်မာဒုက္ခသည် နေရပ်ပြန်နိုင်ရေး

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှာ ဇွန်လ ၂၁ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ အစိုးရရဲ့သဘောထားဟာ ပြောင်းလဲနေပြီဖြစ်ပြီး ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဘ၀ လုံလုံခြုံခြုံနဲ့ အိမ်ပြန်လာနိုင်ရေးအတွက် အစိုးရမှာတာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ရေးဟာ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို အခမ်းအနားကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။