မြန်မာပြည်ရောက် JCB ငွေထုတ်ငွေချေကဒ်
Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ Visa နဲ့ Master ကဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးဟာ ဘဏ်တချို့အပေါ် ချမှတ်ထား ဆဲရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကြောင့် မလုပ်နိုင်သေးဘူးလို့ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူ တစ်ဦးကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း အပြည်ပြည်ဆိုင်ရာ အဓိက ငွေထုတ်ငွေချေကဒ်တစ်ခုဖြစ်တဲ့ JCB ကဒ်တွေကို မြန်မာ နိုင်ငံမှာ သုံးစွဲနိုင်ဖို့အတွက် သဘောတူစာချုပ်တစ်ခုကို ကြာသပတေးနေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အပြည့်အစုံကို လက်မှတ်ရေးထိုးပွဲအခမ်းအနား ကိုယ်တိုင်သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။