မြန်မာပြည် အကြွေးကဒ်သုံးစွဲရေး အလားအလာ
Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ ငွေစက္ကူအများအပြားကိုင်စွဲပြီး ငွေပေးချေနေတဲ့ပုံစံအစား ကဒ်ပြားတွေကိုအသုံးပြုတဲ့ပုံစံနဲ့ အစားထိုးဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်တွေနဲ့ ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ ကဒ်ကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေပါပြီ။ အခုနောက်ဆုံးကတော့ မြန်မာနိုင်ငံမှာတစ်ခုတည်းသော ကဒ်ဒ်စနစ်ဖြစ်တဲ့ MPU Myanmar Payment Union နဲ့ ဂျပန်နိုင်ငံအခြေစိုက် JCB အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်တို့အကြား သဘောတူညီချက် တစ်ရက်ကို ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့ကပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အကြွေးဝယ်ကဒ်စနစ် ထွန်းကားရေး အလားအလာအပါအဝင် JCB နဲ့ MPU အကြား သဘောတူညီချက်အကြောင်းတွေကို MPU ရဲ့ အမှုဆောင်အရာရှိ ချုပ် ဦးဇော်လင်းထွဋ်နဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။