ကမ္ဘာ့အစွမ်းထက်ဆုံး ကွန်ပျူတာ
Your browser doesn’t support HTML5
ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ကွန်ပြူတာတွေအဖြစ် ထိတ်တန်းနေရာ ၅၀၀ စရင်း နှစ်စဉ်ထုတ်ပြန်ရာမှာ တရုပ်အမျိုးသား ကာကွယ်ရေး တက္ကသိုလ်က ဖန်တီးထားတဲ့ စူပါ ကွန်ပြုတာက ပထမ ရခဲ့ပါတယ်။ Titan လို့ အမည်ပေးထားတဲ့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ Oak Ridge အမျိုးသား ဓာတ်ခွဲခန်းက ကွန်ပြူတာကတော့ ဒုတိယနေရာမှာသာ ချိတ်ခဲ့တာပါ။ အစွမ်းထက်သထက် ထက်အောင် အပြိုင်ဆိုင် စူပါ ကွန်ပြူတာတွေ ထုတ်လုပ်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် George Putic သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးပါလိမ့်မယ်။