ရခိုင်ဒေသခံတွေကြား ယုံကြည်မှုရဖို့ အချိန်ကြာနိုင်
Your browser doesn’t support HTML5
ရခိုင်ပြည်နယ်မှာ လူမှုအဝန်းအဝိုင်းနှစ်ခုအကြား ယုံကြည်မှု ပြန်ပြီး တည်ဆောက်ရေးဟာ အချိန်ယူရလိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောလိုက်ပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ အဆင့်မြင့်တာဝန်ရှိသူ တွေ ရခိုင်ပြည်နယ်ဘက်ဆီ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီးတဲ့နောက် ခရီးစဉ်မှာ အတူလိုက်ပါခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အဲဒီလိုပြောလိုက်တာပါ။ အခြေအနေတွေ ပုံမှန်အတိုင်း ပြန်ရောက်အောင် လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဝန်ကြီးဦးအေးမြင့်က ပန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။