အဆင့်မြင့်နည်းပညာနဲ့ လူမှုနေ့စဉ်ဘဝ

Your browser doesn’t support HTML5

အဆင့်မြင့်နည်းပညာကုမ္ပဏီတွေဟာ အနာဂတ်ထုတ်ကုန်တွေမှာ အခုထက်ပိုပြီး ကောင်းမွန်အဆင့်မြင့်တဲ့ နည်းပညာတွေ သုံးနိုင်ဖို့ အပြင်း အထန် တည်ထွင်နေကြပါတယ်။ အခု တီထွင် ကြံဆနေတဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် ကားမောင်းတဲ့အခါ၊ ဈေးဝယ်တဲ့ အခါနဲ့ ကလေးတွေကို စောင့်ရှောက် ထိန်းကျောင်းတဲ့ အခါတွေမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဆန်ဖရန်စ္စကိုမြို့က အဆင့်မြင့်နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ အင်တဲလ် ကုမ္ပဏီကြီးက တီထွင်ထားတဲ့ နည်းပညာပြပွဲတစ်ခုကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်း ထောက် Mike O’Sullivan ရဲ့ သတင်းပေးပို့ချက်ကိုတော့ မခွာညိုက ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။