ပြည်ပရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတား
Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ အိမ်ခြံမြေဈေးနဲ့ ဆက်သွယ်ရေးတွေဟာ ရင်းနှီးမြှုပ်နှံမယ့် ပြည်ပစီးပွား ရေးလုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တချို့ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ အခွင့်အလန်းတွေ၊ အလားအလာကောင်းတွေနဲ့ ပြည့်နေတဲ့တစ်ချိန်ထဲမှာပဲ အဲဒီလို အခြေအနေတွေကြောင့် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရာ အချိန်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့၊ Sedona ဟော်တယ်မှာ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ကြတာတွေကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော် သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။