တရုတ်-အမေရိကန် ဆွေးနွေးပွဲနဲ့ ကုန်သွယ်ရေး
Your browser doesn’t support HTML5
ဗုဒ္ဓဟူးနေ့က စပြီး နှစ်ရက်ကျင်းပပနေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နှစ်နိုင်ငံရဲ့ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ အကြီးတန်း အစိုးရအရာရှိတွေ အခုလို ဆွေးနွေးခြင်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ရှိတဲ့ အဟန့်အတားတွေ ဖယ်ရှားနိုင်ရေး တွန်းအားပေးဖို့ အခွင့်အရေးတရပ်ဖြစ်တယ်လို့ အမေရိကန် စီးပွားရေးခေါင်းဆောင်တွေက ပြောပါတယ်။ VOA သတင်းထောက် Scott Starns သတင်းပေးပို့ထားတာကို မမေစန္ဒီက ပြောပြပါလိမ့်မယ်။