ထားဝယ် ရေနက် ဆိပ်ကမ်းနဲ့ ဒေသခံတွေရဲ့ သဘောထား

Your browser doesn’t support HTML5

မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းမှာ ပင်လယ်ရေနက်ဆိပ်ကမ်းတခုနဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး စက်မှုဇုံတခု တည်ဆောက်ဖို့ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံက စီစဉ်နေပါတယ်။ သန်းထောင်ပေါင်းများစွာ အကုန်အကျခံပြီး တည်ဆောက်မယ့် ထားဝယ်စီမံကိန်း လမ်းမ ဖေါက်လုပ်ပြီးစီးရင် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်လာဖို့လည်း ရှိနေတာပါ။ ဒါပေမယ့် ဒီစီမံကိန်းမစတင်ခင်မှာပဲ စီမံကိန်းအတွက် ငွေကြေးလိုအပ်မှုနဲ့ ဒေသခံတွေရဲ့ ဆန့်ကျင်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf ဗန်ကောက်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်အောင် က တင်ပြပါလိမ့်မယ်။