ILO (ရန်ကုန်ရုံး) သတင်းစာရှင်းလင်းပွဲ

Your browser doesn’t support HTML5

၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှု ပုံသဏ္ဍာန် အမျိုးမျိုး ပပျောက်အောင် လုပ်ဆောင်ရေး ဟာ မလွယ်ကူပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး အရာရှိက ပြောလိုက်ပါတယ်။ မြန်မာအစိုးရနဲ့ ILO အဖွဲ့အကြား ဆက်ဆံရေးဟာ အခုအခါမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေး ရှိနေပါပြီလို့လည်းဆိုပါ တယ်။ ရန်ကုန်မြို့၊ ILO ဆက်ဆံရေးရုံးမှာ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆက်ဆံရေး အရာရှိ စတိဗ် မာရှဲလ် (Steve Marshall) ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာတွေကိုတော့ ကိုယ်တိုင်သွား တက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထား ပါတယ်။