ဘေဂျင်းရတနာပြပွဲက မြန်မာ့ကျောက်မျက်

Your browser doesn’t support HTML5

စီးပွားရေး အားကောင်းလာနေတဲ့ တရုတ်နိုင်ငံမှာ တတ်နိုင်သူတွေက ရင်းနှီးမြုပ်နှံမှုအဖြစ် အဖိုးတန် ကျောက်မျက်တွေကို စုဆောင်းလာနေကြပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံက ကုန်သည်တွေပါ လာရောက် ပြသခဲ့ကြတဲ့ ဘေဂျင်းမြို့တော်က ကျောက်မျက်ရတနာ ပြပွဲမှာ တရုတ်နိုင်ငံသားတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ မြန်မာနိုင်ငံက ကျောက်မျက်တွေ အာရုံစိုက်ခံခဲ့ရတဲ့ တရုတ်နိုင်ငံက ကျောက်မျက်ပြပွဲ အကြောင်းကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။