တရုတ်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး

Your browser doesn’t support HTML5

တရုတ်နိုင်ငံမှာ အခုအခါမှာတော့ သက်ကြီးရွယ်အိုမိဘတွေကို ငွေကြေးရော၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုပေးဖို့ ဥပဒေအရသတ်မှတ်ထားပါတယ်။ ဒီလိုသာမထောက်ပံ့ဘူးဆိုရင် ဒဏ်ငွေ၊ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခြင်းခံရမှာဖြစ်ပါတယ်။ မြို့ပြမှာနေထိုင်ကြတဲ့ သားသမီးတွေဟာ ရုန်းကုန်လှုပ်ရှားပြီးနေထိုင်လာတာနဲ့အမျှ ရိုးရာအစဉ်အလာအရ အသက်ကြီးရွယ်အိုမိဘတွေကို ပြန်ပြီးပြုစုစောင့်ရှောက်ဖို့ ခက်ခဲလာတယ်ဆိုတဲ့အကြောင်း ဗွီအိုအေသတင်းတပုဒ်ကို အခြေခံပြီး မမေစန္ဒီကပြောပြပေးမှာဖြစ်ပါတယ်။