အီဂျစ်အစိုးရသစ်နဲ့ လူနည်းစုတွေရဲ့ မျှော်လင့်ချက်
Your browser doesn’t support HTML5
အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း ဂိုဏ်းဂဏ ဆိုင်ရာ ပဋိပက္ခတွေ တိုးလာပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာတော့ အီဂျစ်နိုင်ငံတွင်းက လူနည်းစု ကော့ပတစ် ခရစ်ယာန်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ ဒီကော့ပတစ် ခရစ်ယာန်တွေဟာ သမ္မတ မော်စီပြုတ်ကျတာကို ထောက်ခံတဲ့ အတွက်လို့ မူဆလင် ညီအကိုတော်များ အဖွဲ့က စွပ်စွဲပြောဆိုပါတယ်။ အီဂျစ်ပြည်သူတွေက သမ္မတ မော်စီကို ဆန့်ကျင် ဆန္ဒပြမှုတွေ ပေါ်ထွက်လာခဲ့တာကို ကိုင်တွယ်တဲ့ အနေနဲ့ အီဂျစ် စစ်တပ်က သမ္မတ မော်ဆီကို ဇူလိုင်လ ၃ ရက်နေ့တုန်းက အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ ကော့ပတစ် ခရစ်ယာန်တွေ အနေနဲ့ အစ္စလာမ် သမ္မတ ရာထူးဖြုတ်ချခံရတဲ့ အပေါ် သဘောထား ဘယ်လို ရှိသလဲ ဆိုတာနဲ့ အနာဂတ် အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေ အကြောင်းကိုတော့ ကိုင်ရို မြို့ကနေ ဗွီအိုအေ သတင်းထောက် Sharon Behn သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။