Washington Post ကို Amazon တည်ထောင်သူဝယ်

Your browser doesn’t support HTML5

အင်တာနက်ကနေ ပစ္စည်းတွေ ရောင်းဝယ်တဲ့ Amazon ကုမ္ပဏီကြီးကို တည်ထောင်သူ Jeffery Bezos ဟာ အမေရိကန် ထိပ်တန်း သတင်းစာတစောင် ဖြစ်တဲ့ ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တခြား ပူးတွဲထုတ်လုပ်တဲ့ စာစောင်တွေကို ဒေါ်လာ သန်း ၂၅၀ နဲ့ ဝယ်ယူလိုက်ပါတယ်။ ဒီသတင်းဟာ သတင်းလောကမှာ အံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ရပ်တည်ရေးအတွက် အကြီးအကျယ် ရုန်းကန်နေရတဲ့ သတင်းစာလောကအတွက် အားတက်စရာ သတင်းကောင်းတခုဖြစ်တဲ့အကြောင်း VOA သတင်းထောက် Mil Arcega ကသတင်းပေးပို့ ထားတာကို ဦးစံမိုးေ၀ က ပြောပြပေးပါလိမ့်မယ်။