ရေသန့်ရှင်းရေးနဲ့ ခလေးဖွံ့ဖြိုးမှု

Your browser doesn’t support HTML5

ရေနဲ့ ဆပ်ပြာကို အမြဲသုံးဖို့ လုပ်ပေးမယ် ဆိုရင် ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် သိသိသာသာ အထောက်အကူပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ဆယ်နိုင်ငံမှာ ရှိတဲ့ ကလေးသူငယ်တွေကို စံနစ်တကျ လေ့လာမှုတွေလုပ်ကြည့်တဲ့အခါမှာ ဒီလိုရေနဲ့ ဆပ်ပြာ သုံးပြီး သေသေချာချာ သန့်စင်စေတာဟာ ကလေးငယ်တွေ အတွက် အဟာရပိုပြီး ရစေတဲ့ အပြင် သူတို့ရဲ့ အရပ်အမောင်းတွေပါ တလက်မရဲ့ ငါးပုံပုံ တပုံစာလောက် ပိုပြီး ရှည်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း AP သတင်းထောက်ရဲ့ တင်ပြချက်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးပါလိမ့်မယ်။