ပြန်ကြားရေးဝန်ကြီးနဲ့ မီဒီယာ ဥပဒေ ညှိနှိုင်းမှု

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ အစိုးရက အတည်ပြုဖို့ ပြင်ဆင်နေတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတာကြောင့် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းသမားတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တိတိကျကျ ပြေလည်မှု တစုံတရာတော့ မရခဲ့ကြပါဘူး။ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်ကတော့ ဆက်လက် ညှိ့နိုင်းဆွေးနွေးမှုတွေ လုပ်သွားမယ်ဆိုပြီး ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း တက်ရောက် သတင်းယူခဲ့တဲ့ VOA သတင်းထောက် ကိုအောင်ရဲမောင်မောင် သတင်းပေးပို့ထာပါတယ်။