အိန္ဒိယ မွေကင်းစခလေး သေဆုံးမှု

Your browser doesn’t support HTML5

အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးတစ်ရွာမှာ ကလေးငယ်အများအပြားဟာ မွေးဖွားပြီး နာရီအနည်းငယ် အကြာမှာကိုပဲ ဘာ့ကြောင့် သေဆုံးကုန်ကြရတာလည်းဆိုတာကို သိနိုင်ဖို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဆရာဝန်တွေက လေ့လာဆန်းစစ်နေကြပါတယ်။ ကမ္ဘာတဝန်းမှာ သေဆုံးကြတဲ့ မွေးကင်းစ ကလေးငယ်အရေအတွက်ရဲ့ သုံးပုံတစ်ပုံနီးပါးဟာ အိန္ဒိယနိုင်ငံမှာ သေဆုံးကြတာဖြစ်တယ်လို့ Save the Children ပရဟိတအဖွဲ့က ပြောပါတယ်။ ဒါဟာ မိခင်တွေနဲ့ သူတို့ရဲ့ ကလေးတွေမှာ ဆိုးရွားတဲ့ အဟာရချို့တဲ့မှုကြောင့် ဖြစ်ရတာလို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ယုံကြည်ပါတယ်။ ဒီအကြောင်း AP သတင်းဌာနရဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။