လုံခြုံရေး ကာကွယ်ဖို့ ပျက်ကွက်ကြောင်း Quintana ဝေဖန်

Your browser doesn’t support HTML5

မြန်မာနိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က သူ့ရဲ့ ခရီးစဉ်အတွင်း ဒေသခံတချို့ရဲ့ ဆန္ဒပြပွဲတွေမှာ မြန်မာ အစိုးရအနေနဲ့ လုံခြုံရေးအရ ထိထိရောက်ရောက် တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ မိထ္ထီလာမြို့ကို သွားခဲ့တဲ့ အချိန်ကဆိုရင် သူ့ကားကို လူအုပ်နဲ့ ဝိုင်းတာတောင် ခံခဲ့ရတယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့က မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ကျင်းပတဲ့ မစ္စတာ ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့နေ သတင်းပေးပို့ထားပါတယ်။