အိမ်ယာမြေဈေး အခွန်နဲ့ ထိန်းချုပ်မည်

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ အိမ်ယာခြံမြေဈေးကွက် ကျဆင်းအောင်လို့ အခွန်ကော်မတီတွေ ဖွဲ့ပြီး တဖက်တလမ်းကနေ ဖြေရှင်းကိုင်တွယ်နေတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အိမ်ယာခြံမြေ ဈေးတွေ မြင့်တက်နေတဲ့ ပြသနာနဲ့ တခြား အကြောင်းအရာတော်တော်များများ သတင်းဌာနတွေရဲ့ မေးမြန်းချက်ကို အစိုးရဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးတွေက ပြန်လည် ဖြေကြား ခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် နေပြည်တောကို ကိုယ်တိုင်သွားရောက်ပြီး သတင်းပေးပို့ထားပါတယ်။