ပတ္တယားကမ်းခြေက ဒဏ္ဍာရီစံအိမ်

Your browser doesn’t support HTML5

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တောင်ဘက်က Pattaya ကမ်းခြေဟာ အပျော်အပါး လုပ်ငန်းတွေနဲ့ လူသိများလှပေမဲ့ အခုအခါမှာတော့ ဘားဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ မလှမ်းမကမ်းမှာ တည်ဆောက်နေတဲ့ ဆန်းဆန်းပြားပြား နေရာတခုကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ သစ်သားနဲ့ ဆောက်လုပ်ထားပြီး ဒဏ္ဍာရီဆန်ဆန် ရုပ်ထုတွေနဲ့ အဆောက်အဦးကိုတော့ အရှေ့တိုင်း ဒဿနပညာနဲ့ ကွဲပြားတဲ့ ဘာသာရေး ယုံကြည်မှုတွေရဲ့ အနှစ်သာရကို ခံစားနိုင်ဖို့ ဖန်တီးထားတာပါ။ Pattaya ကမ်းခြေက ခရီးသွားတွေ စိတ်ဝင်စားနေကြတဲ့ နေရာအကြောင်းကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးထားပါတယ်။