စစ်အာဏာသိမ်းမှုနဲ့ မြန်မာ့နိုင်ငံရေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စက်တင်ဘာ ၁၄၊ ၂၀၁၃။ ၈၈ ခုနှစ် လူထုအုံကြွမှုကို နှိမ်နင်းပြီး စစ်တပ်က အာဏာယူခဲ့မှုဟာ အခု စက်တင်ဘာလ ၁၈ ရက်နေ့မှာ ၂၅ နှစ်ပြည့်ပါပြီ။
မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူ ရယူခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ လက်ရှိကာလအထိလည်း စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးတစုံတရာ သြဇာလွှမ်းထားသလို၊ ဖွဲ့စည်းပုံအရဆိုရင်လည်း မြန်မာနိုင်ငံရေးဆုံးဖြတ်ချက်တွေမှာ စစ်တပ်ဟာ မပါမဖြစ် အရေးကြီးပါတယ်။

မြန်မာနိုင်ငံရေးမှာ အစဉ်အလာလိုဖြစ်နေတဲ့ စစ်တပ်က နိုင်ငံရေးမှာဝင်ရောက်စွတ်ဖက်မှုအတွက် အကျိုးနဲ့အပြစ်၊ မြန်မာနိုင်ငံရေးလူမှုရေးအပေါ် ဂယက်ရိုက်မှု စတာတွေကို အခု သီတင်းပတ်ရဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံရေးသုံးသပ်သူလည်းဖြစ် နိုင်ငံရေးဆောင်းပါးတွေ မပြတ်ရေးသားနေသူလည်းဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းနဲ့ သင့်ဘဝမဂ္ဂဇင်းအယ်ဒီတာဟောင်း ဦးတင်မောင်သန်းတို့က ပင်တိုင်ဆွေးနွေး ဖြေကြားထားပါတယ်။