ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးထု ပါဝင်ခွင့်

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ စစ်မက် ပဋိပက္ခတွေရဲ့ ဒဏ်တွေကို အမျိုးသမီး အများစု ရင်ဆိုင် ခံစားနေရတဲ့အတွက် အမျိုးသမီးထုကိုယ်တိုင် ပါဝင် လုပ်ဆောင်မှ ငြိမ်းချမ်းရေး အမြန်ဆုံး ရနိုင်မယ်လို့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသမီးညီလာခံကို တက်ရောက်လာသူ အမျိုးသမီး ခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်တွင်း၊ ပြည်ပက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တခြား အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားသူတွေ အစုံအလင် တက်ရောက်တဲ့ ညီလာခံကို ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။