ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက် အသုံးပြုမှုကို ပိတ်ပင်ရေးအတွက်
နိုင်ငံတကာအနေနဲ့ မဖြစ်မနေ အရေးယူဆောင်ရွက်ဖို့ သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယားအရေး နိုင်ငံတကာ ကိုင်တွယ်မှု အောင်မြင်မှု ရရင်၊ ဒါဟာ အားလုံးအတွက် အကျိုးဖြစ်စေတယ်လို့လည်း သမ္မတ အိုဘားမား က ပြောပါတယ်။
အင်္ဂါနေ့ နယူးယောက်စံချိန် မနက်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ သမ္မတ အိုဘားမားကနေ သြဂုတ်လ ၃၁ ရက်နေ့တုန်းက ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်တဲ့အပေါ် နိုင်ငံတကာကနေ အရေးယူဖို့ ပြောဆိုသွားတာပါ။ တချိန်တည်းမှာပဲ ဆီးရီးယားအရေး ကိုင်တွယ်မှုနဲ့ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံတကာ ဥပဒေတွေရဲ့ အခန်းကဏ္ဍကိုလည်း သမ္မတ အိုဘားမားက မေးခွန်းထုတ်သွား ပါတယ်။
သမ္မတ အိုဘားမားဟာ ဆီးရီးယားအရေးအပြင်၊ အီရန်နျူကလီးယားအရေးနဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အပါအဝင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွေကို အလေးပေး ပြောခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်လို့တော့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်အောင် အမေရိကန် ပြည်ထောင်စုက ဆောင်ရွက်နေပြီး၊ လက်ရှိ စီးပွားရေးအခြေအနေ တိုးတက်လာမှုတွေဟာ မညီမျှမှုတွေနဲ့ စိတ်မချရသေးဘူးလို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ၅ နှစ်ကထက် ပိုပြီး လုံခြုံတည်ငြိမ်လာတယ်ဆိုပေမဲ့ တဖက်မှာ ခြိမ်းခြောက်မှုတွေနဲ့ အန္တရာယ်တွေ ရှိနေသေးတာကို မကြာခင်က ဖြစ်ခဲ့တဲ့ ကင်ညာကုန်တိုက်ကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်တွေ ကို ဥပမာပေး ထောက်ပြ ပြောဆိုခဲ့ပါတယ်။ အင်္ဂါနေ့ ပြုလုပ်တဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ဖွင့်ပွဲမှာတော့ အတွင်းရေးမှူး ဘန်ကီမွန်းက အဖွင့် အမှာစကားပြောခဲ့ပြီး၊ ဆီးရီးယားနိုင်ငံကို လက်နက်တင်ပို့မှုတွေ ရပ်တန့်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို မစ္စတာဘန်က တိုက်တွန်းခဲ့ပါတယ်။