မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးတက်

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ မြန်မာနိုင်ငံ

စက်တင်ဘာ ၂၃၊ ၂၀၁၃။ မြန်မာနိုင်ငံကို အီးယူ ဥရောပသမဂ္ဂကနေ GSP ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးပေးပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ အရင်နှစ်ကထက် များပြားလာပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေဖက်က မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေသလို၊ ရင်းနှီးမြုပ်နှံဖို့ အခြားအခက်အခဲတွေလည်း ရှိနေတာမို့ ထိုက်သင့်သလောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မဝင်သေးဘူးလို့ မြန်မာတာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနဲ့ စီးပွားဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးကို ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။