Zombie သရဲရုပ်ရှင်များ
Your browser doesn’t support HTML5
နှစ်စဉ် ကျင်းပကြတဲ့ Halloween ဟာ စုန်းတစ္ဆေတွေ၊ ကြောက်စရာ လန့်စရာတွေနဲ့ ခြောက်ကြလှန့်ကြတဲ့ ပွဲတော်တခုပါ။ ဒီအစဉ်အလာကိုတော့ သေပြီးသားလူတွေ လူ့လောကထဲမှာ ကျင်လည်နေကြတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဥရောပမြောက်ပိုင်းက မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ သေရွာကပြန်ထလာတဲ့ ဖုတ် တစ္ဆေတွေဟာ TV ရုပ်သံအစီအစဉ်တွေ၊ ဟောလီးဝုဒ် ရုပ်ရှင်တွေမှာ လူကြိုက်များ ခေတ်စားလာတဲ့ ယဉ်ကျေးမှုအဖြစ် ပြောင်းလဲလာနေတာပါ။ ဗွီအိုအေ သတင်းထောက် Steve Baragona သတင်းပေးပို့ ထားတာကိုတော့ မစုမွန် ကပြောပြပေးပါလိမ့်မယ်။