ပါတီခေါင်းဆောင်ရာထူးက တိုင်ဝမ်သမ္မတ နှုတ်ထွက်

တိုင်ဝမ်ကျွန်းမှာကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ထင်ထားတာထက် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လက်ရှိ အာဏာရ အမျိုးသားပါတီရဲ့ အကြီးအကဲအဖြစ်ကနေ သမ္မတ Ma Ying-jeou က နှုတ်ထွက်လိုက်ပြီးနောက် အစိုးရဝန်ကြီးအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်မှုတွေ သူ့အပေါ်မှာ အများဆုံး တာဝန်ရှိတဲ့အကြောင်း ပြောဆိုပြီး၊ ပါတီအကြီးအကဲအဖြစ်ကနေ ဗုဒ္ဓဟူးနေ့မှာ တရားဝင် နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့် သမ္မတ Ma Ying-jeou အနေနဲ့ သူ့အစိုးရဝန်ကြီးအဖွဲ့ကိုလည်း ပြင်ဆင်ပြီးတော့ ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ပါတယ်။

ဒုသမ္မတ Mao Chi-kuo ကို ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲသတ်မှတ် ခန့်အပ်လိုက်တဲ့အကြောင်း သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရာထူးက နှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Jiang Yi-huah ရဲ့နေရာမှာ Mao Chi-kuo က အစားထိုး တာဝန်ယူမှာဖြစ်ပါတယ်။

ကူမင်တန်ပါတီလို့ လူသိများတဲ့ အမျိုးသားရေးပါတီဟာ အခြေခံအားဖြင့် သူတို့ အင်အားကောင်းခဲ့တဲ့ မြို့တော် တိုင်ပေ အပါအဝင် အရေးကြီးတဲ့ မြို့ကြီး ၉ မြို့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။