လှေစီးပြေးဒုက္ခသည် ရာနဲ့ချီ အင်ဒိုနီးရှားရောက်

Your browser doesn’t support HTML5

ရိုဟင်ဂျာ မူဆလင်တွေ ရာနဲ့ချီ တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဒီရက်ပိုင်း ဆိုက်ကပ်ခဲ့ပါတယ်။ တချို့ဟာ ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေနဲ့ လူမှုရေးဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။