ဇွန် ၂၇၊ ၂၀၁၅။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များစာရင်းထုတ်ပြန်ထားရာမှာ၊ အလွဲလွဲအချော်ချော်မှားယွင်းမှုတွေဖြစ်နေတာကြောင့် လှုပ်ရှားတတ်ကြွသူတွေဖက်ရော နိုင်ငံရေးပါတီအချို့ကပါ မဲဆန္ဒရှင်စရင်းမှန်ဖြစ်ရေး ကြိုးပမ်းနေရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒါဟာ အကြိုထုတ်ပြန်မှုဖြစ်ပြီး၊ မဲဆန္ဒရှင်တွေရဲ့ တုန့်ပြန်မှုအထူးလိုအပ်တယ်လို့ ပြောနေပါတယ်။ တတ်ကြွလှုပ်ရှားသူတွေအပြောကတော့ ပြည်သူအများစုမှာ စာရင်းမှန်ဖြစ်ဖို့အတွက် သူတို့ရဲ့ အချိန်ပေးလိုတဲ့ သဘောမတွေ့ရဘူးလို့ ဆိုပါတယ်။ မဲဆန္ဒရှင်စာရင်းတွေ အခုလို မှားယွင်းမှုတွေနဲ့ပတ်သက်လို့ ဒီသီတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မဲပေးမှုစောင့်ကြည့်နေတဲ့ လွတ်လပ်တဲ့ စေတနာဝန်ထမ်းအဖွဲ့က ဦးရွှေဘ၊ နိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ဂရက်က မသင်ဇာရွှန်းလဲ့ရည်နဲ့ မင်္ဂလာဒုံ အမျိုါ်သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ညွန့်မေသာတို့က အဓိက ပါဝင်ဆွေးနွေးထားကြပါတယ်။
အမှားများနေတဲ့ မဲဆန္ဒရှင်စာရင်း
DASSK visiting in Nay Pyi Taw to eductae voting (Photo from Martin Swe's FB) June 27, 2015