ထိုင်းဘုရင်ကြီးရဲ့ ကျန်းမာရေး

Your browser doesn’t support HTML5

၁၉၄၆ ကတည်းက နန်းတက်လာတဲ့ ထိုင်းဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံမှာ စိုးရိမ်သောကတွေ တိုးလာနေပါတယ်။ ဖခင်ဘုရင်ကြီးအတွက် ဆုတောင်းပေးကြဖို့ ထိုင်းပြည်သူတွေကို မင်းသမီး တပါးက ထူးထူးခြားခြား မေတ္တာ ရပ်ခံလိုက်တဲ့အကြောင်း Steve Herman ရဲ့သတင်းလွှာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။