ဂျကာတာ အကြမ်းဖက် တိုက်ခိုက်ခံရ

Your browser doesn’t support HTML5

အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့တော်မှာဒီကနေ့တိုက်ခိုက်မှုကိုသူတို့လုပ်တာလို့ISစစ်သွေးကြွအဖွဲ့က ကြေညာပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ တိုက်ခိုက်သူငါးဦးအပါအဝင် လူခုနစ်ဦး သေဆုံးပါတယ်။ တိုက်ခိုက်မှုကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြစ်တင် ရှုတ်ချပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းပြောပါတယ်။