နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၀၈-၂၀၁၆)

Your browser doesn’t support HTML5

ဥရောပမှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေကို တူရကီကို ပြန်ပို့ဖို့ EU ဥရောပသမဂ္ဂနဲ့ တူရကီအစိုးရကြား သဘောတူမှု ရရှိသွားပါပြီ၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ရပ်တန့်ထားတဲ့ မြစ်ဆုံအားလျှပ်စစ်စီမံကိန်းကိစ္စကို ၂ နိုင်ငံ အကျိုးအတွက် အနာဂါတ်မှာ သင့်တော်သလို ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုလိုက်ပါတယ်၊ မလေးရှားလေကြောင်းလိုင်းပိုင် MH370 ခရီးသည်တင် လေယာဉ်ပျောက်ဆုံးသွားတာ ၂ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ မိသားစုဝင်တွေ သတိယအောက်မေ့ ဆုတောင်းနေကြပါတယ်၊