ကမ္ဘာ့ ရှားစောင်းပင်

Your browser doesn’t support HTML5

ဆူးချွန်တွေပါပြီး ကန္တာရတွေထဲမှာပေါက်တဲ့ ရှားစောင်းပင်တွေ ကမ္ဘာပေါ်မှာ မျိုးတုံးတော့မယ် အခြေအနေ ကြုံနေရပါတယ်။ ဒီရှားစောင်း ပင်တွေကို မြတ်နိုးသူတွေ အနေနဲ့ ဒီအပင်တွေကို သဘာဝအလျောက် ရှင်သန်နေတဲ့ နေရာတွေကနေ လူတွေက ဖယ်ရှားပစ်နေတာတွေကို ရပ်တန့်အောင်လုပ်ဖို့ ကျွမ်းကျင်ပညာရှင်တွေ တိုက်တွန်းနေကြပါတယ်။ သိပ်မကြာခင်က လေ့လာချက်တခုအရ ရှားစောင်းပင် မျိုးစိပ်တွေရဲ့ သုံးပုံတပုံ ပျောက်ကွယ်လာနေပြီး ခုလို ဖြစ်ရတာဟာ လူတွေရဲ့ လုပ်ရပ်တွေကြောင့် အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။