ဒေါ်စုကို နိုင်ငံတော်အတိုင်ပင်ခံထားမယ့် ဥပဒေကြမ်း

Your browser doesn’t support HTML5

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်အဖြစ် ထားရှိမယ့် ဥပဒေကြမ်းတရပ်ကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီထွန်းကားရေး ဈေးကွက်စီးပွားရေး စနစ် ပီပြင်ရေး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်တဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုထက်အောင်က နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။