နျူးကလီးယားလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ

Your browser doesn’t support HTML5

ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော် က နိုင်ငံခေါင်းဆောင်တွေဟာ ဒီအပတ်အတွင်း ကျင်းပမယ့် ၂၀၁၆ ခုနှစ် နူးကလီးယား လုံခြုံရေး ထိပ်သီး ညီလာခံ  တက်ရောက်ဖို့အတွက်  ဝါရှင်တန်မြို့တော် ကို လာရောက်ကြမှာပါ။ နူးကလီးယားလက်နှက်ထုတ်လုပ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေ ကို လုံခြုံအောင် ဘယ်လို ထိမ်းသိမ်းမလဲ ဆိုတာ ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့ တချိန်တည်းမှာ ဒီပစ္စည်းတွေ မသမာသူတွေ လက်ထဲ ရောက်သွားမှာကိုလည်း အထူးစိုးရိမ်နေကြပါတယ်။ ဗီအိုအေ သတင်းထောက် Kokab Farshori သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။