နည်းပညာသစ် နဲ့ ဆေးပလာစတာ
Your browser doesn’t support HTML5
ဆေးပလာစတာလေးတွေဟာ သိပ်မကြီးကျယ်တဲ့ ဒဏ်ရာလေးတွေ ပျောက်ကင်းအောင် အမြန်လုပ်ဆောင်ပေးနိုင်ပါတယ်။ အခု နောက်ဆုံးပေါ် နည်းပညာသုံးပြီး ထုတ်ထားတဲ့ လူ့အသားနဲ့တူတဲ့ အသားတုတွေထဲမှာ သိပ်သေးငယ်တဲ့ အာရုံခံ စက်ကလေးတွေသွင်းထားတဲ့ ဆေးပလာစတာ အသစ်တွေကို ထွင်နိုင်ပြီမို့ အရေးပေါ်ဌာနက ဆရာဝန်တွေအတွက် သိပ် အသုံးကျတဲ့ ဆေးပစ္စည်းတခု ဖြစ်လာနေပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီအကြောင်း George Putic သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။