စာဖတ်ကြရအောင်

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ လူငယ်တွေ စာဖတ်ဝါသနာပါလာစေဖို့အတွက် ပရဟိတ စာကြည့်တိုက် ၃ ခုက ဦးဆောင်ပြီး လူစု လူဝေးများတဲ့ နေရာတွေမှာ စာဖတ်လာအောင် စည်းရုံးလှုပ်ရှားမှုတွေကို လုပ်နေကြပါတယ်။ လူစည်ကားတဲ့နေရာမျိုးတွေမှာ ကလေးငယ်တွေအတွက် စာဖတ်ဖို့နေရာ၊ ဆေးရောင်ခြယ်တဲ့ နေရာတွေဖန်တီးပေးတာမျိုး၊ လူကြီးတွေအတွက် နှစ်သက်ရာစာအုပ်တွေကို ဝယ်ယူနိုင်တာမျိုးကို တနိုင်တပိုင် လုပ်နေကြတာဖြစ်ပါတယ်။ မေလကုန်ပိုင်းကပဲ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာ စာဖတ်ကြအောင် စွဲဆောင်တဲ့ လှုပ်ရှားမှုကို ကိုယ်တိုင်သွားသတင်းယူထားတဲ့ ကိုထက်အောင်က မြန်မာတခွင်အစီအစဉ်မှာ တင်ပြထားပါတယ်။