Tel Aviv ပစ်ခတ်မှုအပြီး ပါလက်စတိုင်း ၈၀,၀၀၀ ကျော် ခရီးသွားခွင့်ပိတ်ခံရ

Your browser doesn’t support HTML5

Tel Aviv မြို့ ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ မနေ့က ဈေးဝယ်သူတွေနဲ့ ညစာ စားနေသူတွေကို ပါလက်စတိုင်း သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အပြီးမှာတော့ ပါလက်စတိုင်းသား ၈၃,၀၀၀ ကို ရာမာဒန် ဥပုပ်လအတွင်း ခရီးသွားလာခွင့် အစ္စရေးက ပိတ်လိုက်ပါတယ်။