ဗြိတိန်အစိုးရအဖွဲ့ဝင် ရွေးချယ်မှု EU ဝေဖန်

ဥရောပ ပါလီမန်အကြီးအကဲ Martin Schulz။

ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May ရဲ့ အစိုးရသစ်အတွက် လူတွေရွေးချယ်ပုံဟာ ဗြိတိန်ပြည်သူတွေကို ရေရှည်မှာ ထိခိုက် နစ်နာစေမယ့် အန္တရာယ်များလှတဲ့ လုပ်ဆောင်မှုတစိတ်တပိုင်း ဖြစ်တယ်လို့ ဥရောပ ပါလီမန်အကြီးအကဲ Martin Schulz က ဝေဖန်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ စတင်ပြီး တာဝန်ယူတဲ့ Theresa May ဟာ အီးယူ ဥရောပသမဂ္ဂထဲကနေ ယူကေနိုင်ငံ ခွဲထွက်မယ့်အချိန် ခက်ခဲလှတဲ့ လုပ်ငန်းတာဝန်တွေကို ဦးဆောင်ဖို့ သူ့ရဲ့အစိုးရအဖွဲ့ကို ချက်ချင်းပဲ ဖွဲ့စည်းလိုက် တာပါ။

ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May

မစ္စတာ Schulz ရဲ့အဆိုအရ သူရွေးချယ်တဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုကြည့်ရင် ဒါဟာ ဗြိတိန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုးတက် ကောင်းမွန်အောင် လုပ်တာထက် ပါတီတွင်း နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်းဖို့ လုပ်နေတာလို့ ဆိုပါတယ်။

လန်ဒန်မြို့တော်ဝန်ဟောင်း Boris Johnson ကို အများထင်မှတ် မထားချိန် မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဝန်ကြီးချုပ် May က ခန့်အပ်လိုက်ပါတယ်။ Johnson ဟာ အီးယူထဲကနေ ယူကေ ခွဲထွက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး ခွဲထွက်ရေး ကို ကန့်ကွက်မဲ ပေးခဲ့ကြသူတွေ အများအပြားနဲ့ ယူကေ ခွဲထွက်မှုဟာ မဟာ အမှားကြီးဖြစ်တယ်လို့ ယုံကြည်ကြတဲ့ EU ခေါင်းဆောင်တွေကို မကျေမနပ် ဖြစ်စေခဲ့တဲ့သူပါ။ ယူကေခွဲထွက်ရေး ထောက်ခံသူတွေကို အစိုးရသစ်ရဲ့ အဓိကျတဲ့ ဝန်ကြီး နေရာတွေမှာ ဝန်ကြီးချုပ် May က ခန့်အပ်လိုက်တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်အစိုးရအဖွဲ့ဝင် ရွေးချယ်မှု EU ဝေဖန်