တူရကီအာဏာသိမ်းမှုနဲ့ စာသင်ကျောင်းများ

Your browser doesn’t support HTML5

ပြီးခဲ့တဲ့လက မအောင်မမြင်ဖြစ်ခဲ့တဲ့ တူရကီနိုင်ငံစစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဟာ ပါကစ္စတန်နိုင်ငံအထိလာပြီးရိုက်ခတ်နေပါတယ်။ အာဏာသိမ်း ကြိုးပမ်းမှုနောက်ကွယ်မှာ အဓိက စီစဉ်သူအဖြစ် တူရကီအစိုးရက စွပ်စွဲထားတဲ့ ဘာသာရေးဆရာ Fethullah Gullen နဲ့ ဆက်နွယ်နေတဲ့ စာသင်ကျောင်းတွေကို ပိတ်ပစ်ဖို့ တူရကီအစိုးရက ပါကစ္စတန်ကို တောင်းဆိုနေ တာပါ။ ဒီကျောင်းတွေမှာပညာသင်ယူနေတဲ့ ကျောင်းသားတွေနဲ့မိဘတွေ အကြား စိုးရိမ်မှုတွေရှိနေတဲ့အကြောင်း အစ္စလာမ်မာဘတ်မြို့ကနေ Ayesha Tanzeem ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။