လီဗာပူးလ်က ချယ်ဆီးကို နိုင်

လီဗာပူးလ်က ချယ်ဆီးကို နိုင်

အခုတပတ် အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲမှာတော့ လီဗာပူးလ်က ချယ်ဆီးကို နိုင်သွားပါတယ်။ မနေ့ သောကြာနေ့က ချယ်ဆီးအသင်းရဲ့ Stamford Bridge ကွင်းမှာ ကစားတာမှာ လီဗာပူးလ်က ချယ်ဆီးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာပါ။ လီဗာပူးလ်အတွက် ပထမဂိုးကို Loveren က ၁၆ မိနစ်မှာ သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ Jordan Henderson က ၃၆ မိနစ်မှာ ဧရိယာအပြင်ဘက်ကနေ ကန်သွင်းသွားခဲ့တာပါ။ ချယ်ဆီးအသင်းက ဒီယေဂိုကော်စတာ ၆၁ မိနစ်မှာ ပြန်သွင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ထပ်မသွင်းနိုင်တော့တာကြောင့်၊ နောက်ဆုံးမှာ လီဗာပူလ်းက ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပြီး၊ ချယ်ဆီးအသင်းဟာ နည်းပြသစ် ကွန်တီလက်ထက် အခုနှစ်ဘောလုံးရာသီမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဟားလ်စီးတီး နဲ့ အာဆင်နယ်၊ လက်စတာ နဲ့ ဘန်လေ၊ မန်စီးတီး နဲ့ ဘုန်းမောက်၊ ဝက်စ်ဘရွန် နဲ့ ဝက်စ်ဟမ်း၊ အဲဗာတန် နဲ့ မစ်ဒယ်လ်ဘရာတို့ ကစားကြမှာဖို့ရှိပါတယ်။

Your browser doesn’t support HTML5

လီဗာပူးလ်က ချယ်ဆီးကို နိုင်