ရှေးဟောင်းပြတိုက်နဲ့ AR နည်းပညာ

Your browser doesn’t support HTML5

ရှေးလက်ရာ ပစ္စည်းတွေ ပြသထားတဲ့ ပြတိုက်တွေ ဝင်ကြည့်ရတာ တချို့တွေအတွက်တော့ ငြီးငွေ့စရာလိုဖြစ်ပေမယ့် နယ်သာလန်နိုင်ငံက ပြတိုက်တခုကတော့ လာရောက် လည်ပတ်ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းမယ့် အတွေ့အကြုံသစ် ပေးဖို့ ကြိုးစားနေပါတယ်။ Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Hololens လို့ခေါ်တဲ့ AR နည်းပညာသုံး မျက်မှန်ကို တပ်ဆင်ပြီး ပြတိုက်ထဲမှာ လိုက်လံကြည့်ရှုနိုင်အောင်ပါ။ အဆင့်မြင့်နည်းပညာသုံး Holographic ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ရှေးဟောင်း အဆောက်အဦးတွေကို မြင်တွေ့ရမယ့် ပြတိုက်အကြောင်း Deborah Block ရဲ့သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။