သမ္မတ အိုဘားမားနဲ့ သမ္မတကတော်တို့ရဲ့ ခရစ္စမတ်ဆုတောင်း

Your browser doesn’t support HTML5

သမ္မတ အိုဘားမားနဲ့ သမ္မတကတော်တို့ရဲ့ ခရစ္စမတ်ဆုတောင်း

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ သမ္မတကတော် မီရှဲအိုဘားမားနဲ့အတူ သမ္မတတာဝန်က အနားမယူခင် နောက်ဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်ကနေ ခရစ္စမတ်နှုတ်ခွန်းဆက်ရင်း၊ သမ္မတတာဝန် ထမ်းဆောင်ချိန်မှာ ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလမှာ၊ မီရှဲနဲ့အတူ လက်ခံရရှိခဲ့တဲ့ အကောင်းဆုံး လက်ဆောင်မွန်ကတော့ သမ္မတနဲ့ သမ္မတကတော်အဖြစ် အမှုထမ်းခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း၈၀ အတွင်း အဆိုးရွားဆုံး စီးပွားရေးချွတ်ခြုံကျမှုကနေ ကျနော်တို့ အတူတကွ ရုန်းထွက်ခဲ့ကြသလို၊ ၉ နှစ်အတွင်း အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံသား သန်း ၂၀ လောက်အတွက် ကျန်းမာရေး အာမခံချက်ရအောင် လုပ်ပေးနိုင်ခဲ့သလို၊ ရှိပြီးသားလူတွေ အတွက်လည်း အကာအကွယ်ပေးနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာ အမေရိကန်ကို လေးစားအောင် လုပ်နိုင်ခဲ့သလို၊ ကျနော်တို့ ကလေးတွေအတွက် ကမ္ဘာကြီးကို အကာအကွယ်ပေးဖို့ တိုက်ပွဲဝင်ရာမှာ ဦးဆောင်မှုပေးခဲ့တဲ့အကြောင်း သမ္မတ အိုဘားမားက ခရစ္စမတ်အကြိုနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာတော့ အမေရိကန်စစ်သည်တွေနဲ့ မိသားစုတွေရဲ့ အခန်းကဏ္ဍကိုလည်း သမ္မတ အိုဘားမားနဲ့ သမ္မတ ကတော်တို့က အလေးထားပြောကြားသွားခဲ့ပါတယ်။

Your browser doesn’t support HTML5

သမ္မတ အိုဘားမားနဲ့ သမ္မတကတော်တို့ရဲ့ ခရစ္စမတ်ဆုတောင်း