လှည်းကူးမြို့က ပျူယဉ်ကျေးမှုပြတိုက်
Your browser doesn’t support HTML5
ပျူမြို့ဟောင်းတခုအဖြစ်သတ်မှတ်ထားတဲ့ ဒိန်မယ်မြို့ရဲ့မြို့တံတိုင်းတွေ၊ ဘုရားကုန်းတွေကို လှည်းကူးမြို့အနီးဝန်းကျင်မှာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ ၂၀၁၂ ခုနှစ်မှာ လှည်းကူးသမိုင်းပြုစုရေး အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ရှေးဟောင်းသမိုင်းအမွေအနှစ်လက်ရာတွေကို စုစည်းပြီး ယာယီပြတိုက်ဖွင့်လှစ်ပြသထားပါတယ်။ ဒီပြတိုက်မှာ ပျူခေတ်လက်ရာတွေအပြင် ပုဂံ၊ အင်းဝခေတ် လက်ရာတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဒီတပတ်မြန်မာတခွင်အစီအစဉ်မှာ ကိုထက်အောင်ခန့်နဲ့အတူ လေ့လာကြည့်ကြရအောင်ပါ။