Trump နဲ့ ရုရှားဆက်ဆံရေး

Your browser doesn’t support HTML5

ရုရှားနိုင်ငံနဲ့ဆက်ဆံရေးကို အသစ်ကပြန်စလို့ မရနိုင်သလို၊ အမေရိကန် ပြည်ထောင်စုက ဒီမိုကရက်တစ်ပါတီ ကွန်ပြူတာတွေကို ဖောက်ထွင်းမှုဟာ ရုရှားရဲ့ လက်ချက်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ ပြောဆိုမှုတွေကို ကြည့်မယ်ဆိုရင် အမေရိကန်နဲ့ရုရှားသမ္မတ Vladimir Putin တို့ကြား ဆက်ဆံရေးကောင်းလာဖို့ မသေချာဘူးလို့ ဥရောပက အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ တချိန်တည်းမှာပဲ လန်ဒန်အခြေစိုက် ဗြိတိသျှထောက်လှမ်းရေးဟောင်းတယောက်က စုံစမ်းပြုစုခဲ့တဲ့ အချေအတင်ဖြစ်စရာ ထောက်လှမ်းရေး သတင်းတွေ မှန်ကန်မှုရှိမရှိ ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း အကြီးအကျယ် ထွက်ပေါ်နေပါတယ်။ VOA ဥရောပ သတင်းထောက် Luis Ramirez က သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပေးပါလိမ့်မယ်။