အီတလီကျောင်းကားမီးလောင်ပြီး ၁၆ ဦးသေ

Budapast မြို့ကကျောင်းရှေ့မှာ ဖယောင်းတိုင်မီးထွန်းညှို။ ၂၁ ဇန်နဝါရီ ၂၀၁၇။

အီတလီနိုင်ငံမြောက်ပိုင်းမှာ ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစင်း မီလောင်ခဲ့တာကြောင့် ဘတ်စ်ကားပေါ်မှာပါလာတဲ့ လူငယ်ကျောင်းသား ၁၆ ယောက်သေဆုံးသွားတယ်လို့ အီတလီသတင်းမီဒီယာတွေက စနေနေ့မှာ ပြောပါတယ်။

ဟန်ဂေရီနိုင်ငံက ကျောင်းသားအများစုကို တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားဟာ သောကြာညသန်းခေါင်မတိုင်ခင် ဗီရိုနာမြို့နားမှာ တံတားအောက်ခြေတိုင်ကို တိုက်မိပြီး မီးလောင်သွားခဲ့တာဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား မီးလောင်သွားတဲ့သူ ၁၆ ယောက်ကို ကားရဲ့ အပျက်အစီးတွေကြားထဲက ဆွဲယူခဲ့ကြရတယ်လို့ ရဲကပြောပါတယ်။ ဒီအဖြစ်အပျက်မှာ တခြားဘယ်ကားမှပါဝင်ပတ်သက်ခြင်းမရှိဘဲ၊ ဘတ်စ်ကား ဘာကြောင့် လမ်းဘေးထိုးကျပြီး တံတားအောက်ခြေတိုင်ကို တိုက်မိသွားတယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဘတ်စ်ကားပေါ်မှာ ကျောင်းသားတွေအပြင် သူတို့ နဲ့အတူလိုက်ပါလာတဲ့ ခရီးသည် အနည်းဆုံး ၅၄ ယောက် နဲ့ ယာဉ်မောင်း ၂ ဦး ပါဝင်ပါတယ်။ အဲဒီထဲက ၃၉ ယောက် ဒဏ်ရာတွေရသွားခဲ့ပြီး သူတို့ကို ဗီရိုနာမြို့က ဆေးရုံတွေကို ပို့ဆောင်ကုသနေပါတယ်။

အဲဒီဘတ်စ်ကားဟာ ပြင်သစ်နိုင်ငံနေ ဟန်ဂေရီနိုင်ငံကို ဘူဒါပက်စ်မြို့ကိုအသွား၊ အီတလီနိုင်ငံကနေ တဆင့် ဖြတ်သွားတာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

Your browser doesn’t support HTML5

အီတလီကျောင်းကားမီးလောင် ၁၆ ဦးသေ