နာမည်ကျော် စစ်ကိုင်းအိုး

Your browser doesn’t support HTML5

တခေတ်တခါက မြန်မာနိုင်ငံတစ်ဝှမ်း ကျေးရွာဒေသတစ်ချို့မှာ ရွာလုံးကျွတ် အိုးဖုတ်တဲ့ လုပ်ငန်း လုပ်ကိုင်ကြတဲ့အထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး အိုးဘို ရပ်ကွက်လည်း ပါဝင်ပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေး စစ်ကိုင်းဒေသက ထွက်တဲ့ ဒီအိုးတွေကို ဒေသနာမည် အစွဲပြုပြီး စစ်ကိုင်းအိုးဆိုပြီးတော့လည်း ခေါ်တွင်ကြတာပါ။ မြန်မာနိုင်ငံတစ်ဝှမ်း နာမည်ကျော်ကြားတဲ့ စစ်ကိုင်းအိုးလုပ်ငန်းဟာ အခုတော့ ကုန်ကြမ်း ရှားပါးမှုဒဏ်နဲ့ အိုးလုပ်ငန်းလုပ်ကိုင်သူတွေ တဖြည်းဖြည်း နည်းပါးလာတာကြောင့် ရိုးရာအိုးလုပ်ငန်း ကွယ်ပျောက်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ဒီတပတ်မြန်မာတစ်ခွင် အစီအစဉ်မှာ ကိုထက်အောင်နဲ့အတူ စစ်ကိုင်းဒေသဘက် သွားပြီး လေ့လာကြည့်ကြရအောင်ပါ။