နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေသစ်နဲ့ မြန်မာနိုင်ငံ (အပိုင်း ၂)

ရင်းနှီးမြုပ်နံှမှု နဲ့ ကုမ္ပဏီမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး

Your browser doesn’t support HTML5

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေသစ်နဲ့ မြန်မာနိုင်ငံ


ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပက Cooperation ကြီးတွေကို ပိုပြီးစွဲဆောင်မှုရှိအောင် နိုင်ငံခြား ရင်းနှီးမြုပ်နံှမှု ဥပဒေသစ်တရပ်ကို ၂၀၁၆ အောက်တိုဘာမှာ သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးပြဌာန်းခဲ့ပါတယ်။ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေအကောင်အထည်ဖော်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မတ်လအတွင်း အပြီးသတ် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်တယ်လို့ ရင်းနှီးမြုပ်နံှမှု နဲ့ ကုမ္ပဏီမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါတယ်။ VOA အယ်ဒီတာဒေါ်ခင်စိုးဝင်း က ဦးအောင်နိုင်ဦး ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယအပိုင်း။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှုတွေနဲ့ ပတ်သက်လာလို့ရှိရင် စိန်ခေါ်ချက်တွေ ရှိတာပေါ့။ အဲဒီစိန်ခေါ်ချက်တွေထဲမှာ အဓိကတော့ Infrastructure ပေါ့။ အခြေခံအဆောက်အအုံ အားနည်းချက်တွေရှိတယ်။ နောက်တခုက အိမ်ခြံမြေဈေးပေါ့။ Real Estate Market ကလည်း New York နဲ့ Paris လောက် ယှဉ်နိုင်တဲ့ အခြေအနေတောင် ရောက်နေတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Infrastructure နဲ့ ပတ်သက်ပြီး စိန်ခေါ်ချက်တွေ၊ အဟန့်အတားတွေ Obstacles တွေကို ဘယ်လို ကျော်လွှာနိုင်ပါမလဲရှင့်။

ဦးအောင်နိုင်ဦး ။ ။ လောလောဆယ်မှာ ကျနော်တို့ ဘာလုပ်နိုင်မလဲဆိုတော့ အရင်ရှိခဲ့တဲ့ Procedure တွေကို လျှော့ချလိုက်တယ်။ စက်မှုဇုန်မှာ စက်ရုံဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ ဟိုတယ်ဇုန်မှာ ဟိုတယ်ဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ အကယ်၍ စက်မှုဇုန်ပြင်ပ၊ ဟိုတယ်ဇုန်ပြင်ပ လုပ်ချင်တယ့် စီးပွားရေးလုပ်ငန်းဆိုရင် တိုင်းဒေသပြည်နယ်က သဘောတူလား။ လုပ်တော့။ ပြီးမှ Procedure သွားမယ်ဆိုပြီး ပြင်ထားတယ်။ ပြင်ထားခြင်းအားဖြင့် ကျနော်တို့က Procedure နဲ့ ပတ်သက်တဲ့ Constraint ပျောက်သွားမယ်။ တတိယအချက်က ဘာလုပ်လဲဆိုတော့ အရင်တုန်းက မြေဈေးတွေ ကြီးခဲ့တဲ့ကိစ္စက အဓိက Supply နဲ့ Demand ပြဿနာ။ မြန်မာနိုင်ငံမှာ ရန်ကုန်မှာဆိုရင် ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ စက်မှုဇုန် - စက်မှုဇုန်တွေက Limited supply ဖြစ်ပြီးတော့ Demand က တိုင်းပြည်ဖွင့်တဲ့အချိန်မှာ အများကြီးဖြစ်လိုက်တာမှ လူတွေကလဲ Demand တက်လာမယ်ဆိုတဲ့ Expectation နဲ့ ကိုယ်မှာ မြေရှိသော်လဲ ကိုင်ထားကြတယ်။ ကျနော်တို့က အခု ဘာလုပ်လဲဆိုတော့ ဒီအစိုးရလက်ထက်မှာ Supply နဲ့ Demand ကို Balance ဖြစ်အောင်ဆိုပြီးတော့ စက်မှုဇုန်အသစ်တွေ ဖော်ထုတ်ဖို့ ပြင်ဆင်တယ်။ စက်မှုဇုန်သစ် ဖော်ထုတ်မယ့်လုပ်ငန်းကိုလည်း Promo Sector ထဲမှာ ထည့်ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကတော့ စစ်အစိုးရလက်ထက် အဆက်ဆက်မှာဆိုရင် ရင်းနှီးမြုပ်နံှမှု လာမယ်ဆိုရင် Nepotism ခေါ်တဲ့ လက်သင့်ရာခေါ်တဲ့ခေတ်လည်း ရှိခဲ့တာပေါ့။ အခု ဒီခေတ်မှာကော ဒါမျိုးတွေ ရှိမှာမဟုတ်ဘူးလို့ ကျမ ယူဆပါတယ်။

ဦးအောင်နိုင်ဦး ။ ။ မှန်ပါတယ်။ ဒီဘက်မှာတော့ နံပတ် (၁) မျိုးရိုး Nepotism ဘာမှ မရှိတော့ပါဘူး။ ကျနော်တို့က Transparency အားကောင်းအောင်လုပ်တယ်။ Transparency အားကောင်းမှ Corruption ကျသွားအောင်လုပ်နိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်သမျှ MIC လုပ်တာကို တနိုင်ငံလုံး သိရမယ်။ တကမ္ဘာလုံး သိရမယ်။ ကျနော်တို့ Website တက်ကြည့်ရင် သိရမယ်။ MIC ဒီနေ့ ခွင့်ပြုတာနဲ့ Website ကို တင်လိုက်တယ်။ နောက်တခုက Transparency အားကောင်းအောင် Rules and Regulations အားလုံးကို အများပြည်သူသိအောင် လုပ်ပေးတယ်။ Proposal တင်ပြီးရင် ရက်ပေါင်း (၆၀) အတွင်းမှာ ပေးကိုပေးရမယ်။ မပေးဘူးဆိုရင် (၁၅) ရက်အတွင်း ငြင်းရမယ် စသဖြင့် ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ - Confidence ဆိုလိုတာက ဘယ်သူကို ချဉ်းကပ်မှ၊ ဘယ်သူကိုပေးမှ ငါ့ဟာ ရမယ်ဆိုတာမျိုး လုံးဝမရှိအောင် လုပ်ထားတယ်။ အခုန Corruption က Procedure Complicated ဖြစ်တာနဲ့ သွားပြီး Link ဖြစ်တယ်။ Procedure Complicated ဖြစ်လေ၊ Corruption အားကောင်းလေ ဖြစ်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တစ်စားပွဲကနေ တစ်စားပွဲ ဖြတ်ဖို့တောင် မလွယ်ခဲ့ဘူး။ အစိုးရအဆက်ဆက် ဖြစ်ခဲ့တာ။

ဦးအောင်နိုင်ဦး ။ ။ အဲဒါတွေက Negative consequences တွေ အများကြီးကြုံခဲ့ရပြီးပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ ဥပဒေနဲ့ နည်းဥပဒေတွေမှာ Transparency အားကောင်းအောင် လုပ်နေတယ်။ -- ကို တတ်နိုင်သမျှ Clear ဖြစ်အောင်၊ လျှော့ချနိုင်အောင်လုပ်တယ်။ -- ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ကုမ္ပဏီဥပဒေ နဲ့ ရင်းနှီးမြုပ်နံှမှု ဥပဒေတွေမှာ လတ်တလော အခြေအနေမှာ Ready မဖြစ်သေးဘူး။ ကျနော်တို့ရဲ့ ရည်မှန်းချက် Dream ကတော့ တချိန်မှာ အားလုံး Online သွားနိုင်အောင် MIC ကို လျှောက်ချင်လား။ လူလာစရာ မလိုဘူး။ Online ကိုသွား Access လုပ်ပြီးတော့ ပြောင်းနိုင်အောင် ဒါမျိုးတွေအထိ စဉ်းစားထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှု လာလုပ်သူတွေကို ကျမ သိရသလောက်၊ လေ့လာရသလောက် (၅၀) လောက် ရှိတဲ့အထဲမှာ စင်္ကာပူက နံပတ်တစ်လောက် ဖြစ်နေတယ်။ အမေရိကန်ပြည်ထောင်စုဆိုရင် (၃၁) အဆင့်လောက်မှာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုတွေကို အားလုံးရုတ်သိမ်းပေးခဲ့ပြီးပါပြီ။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းတာနဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်တဲ့ အခြေအနေ Impact ဘယ်လိုများ ရိုက်ခတ်မှု ရှိပါလဲရှင့်။

ဦးအောင်နိုင်ဦး ။ ။ Sanction ရုတ်သိမ်းလိုက်တော့ နံပတ်တစ်က ငွေကြေးကဏ္ဍ အဆင်ပြေသွားတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက မြန်မာပြည်မှာ Investment လာလုပ်မယ်ဆိုရင် Sanction ရှိနေတော့ သူတို့ရဲ့ ဒေါ်လာ Transfer တွေက သိပ်ခက်တယ်။ လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ အများစုက စင်္ကာပူကို သွားရတယ်။ စင်္ကာပူမှာ ကုမ္ပဏီကို Establish လုပ်ရတယ်။ ပြီးမှ စင်္ကာပူ Investment အနေနဲ့ မြန်မာပြည်ကို ဝင်ရတယ်။ ဒါကြောင့်မို့ စင်္ကာပူက Top ဖြစ်နေတာ။ စင်္ကာပူ Investment တခုတည်း မဟုတ်ဘူး။ သူက Transit Investment တွေ၊ စင်္ကာပူကိုသွားပြီးမှ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုဝင်တော့ Data ကြည့်လိုက်ရင်တော့ စင်္ကာပူ။ ဒီကုမ္ပဏီက ဘယ်ကလာလဲကြည့်လိုက်ရင်တော့ သူ့ရဲ့ Original ကို သိရတာပေါ့။ သူက Singapore Company Limited ဆိုရင် သူကို စင်္ကာပူ List ထဲမှာ ထည့်လိုက်ရတယ်။ သို့သော် သူက စင်္ကာပူရဲ့ Pure investment မဟုတ်ဘူး။ တခြားနိုင်ငံတွေ EU နိုင်ငံတွေရှိတယ်။ တခြားနိုင်ငံတွေရှိတယ်။ စင်္ကာပူက ဆင်းလာကြတယ်။ နှစ်အချက်က US Investors အများစုက တကယ်တော့ မြန်မာပြည် ကော်ပိုရေးရှင်းတွေ များပါတယ်။ သူတို့ မြန်မာပြည်ကို လာဖို့အတွက်လဲ Reporting threshold တွေ ဘာတို့ အများကြီးရှိခဲ့တယ်။ Sanction ကို Liberalized လုပ်ပေးသည်တိုင်အောင် ကျန်တဲ့ Constraint တွေ ရှိနေတယ်။ ရှိတာမို့ US Investors တွေက မြန်မာနိုင်ငံအတွင်းကို ချောချောမောမော လာမလုပ်နိုင်ဘူး။ အခု Sanction lift လုပ်သွားတဲ့အတွက် ကျန်တဲ့နိုင်ငံတွေအားလုံး အကျိုးရှိသွားတာကတော့ အခုနပြောတဲ့ ဒေါ်လာ Transition တွေ လျော့သွားတယ်။ ဒီအတွက် Investment အများကြီး အထောက်အကူ ဖြစ်သွားတယ်။ နံပတ်နှစ်ကတော့ US မှာရှိတဲ့ Investors တွေ မြန်မာနိုင်ငံကိုလာဖို့အတွက် လမ်းကြောင်းပွင့်သွားတယ်။ ကျနော်တို့ အနာဂတ်မှာ US investment တွေ Expect လုပ်လို့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ AEC လို့ခေါ်တဲ့ Asean Economic Committee စီးပွားရေးအသိုင်းအဝိုင်းထဲမှာ မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်က စခဲ့တယ်လို့ ပြောရမှာပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒီ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းထဲမှာ Integrated ထဲထဲဝင်ဝင် စိမ့်ဝင်သွားဖို့ အခြေအနေက ဘယ်လိုရှိပါလဲ။ အခုတော့ နောက်ကနေ လိုက်နေရတုန်း ထင်ပါတယ်။

ဦးအောင်နိုင်ဦး ။ ။ မှန်ပါတယ်။ ကျနော်တို့ကတော့ အာဆီယံ AEC ကို ပြောရရင်တော့ မြန်မာနိုင်ငံက Fully ready မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ဆီမှာ လုပ်စရာလေးတွေ ရှိနေတုန်းပါ။ ဥပဒေဆိုင်ရာ ပြင်ဆင်ရမှာတွေ ရှိသေးတယ်။ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေ ပြင်ဆင်ဖို့ ရှိသေးတယ်။ နောက် ကျနော်တို့ တိုင်းပြည်စီးပွားရေးကိုက အာဆီယံထဲ ဝင်လာဖို့က သိပ်ကြီးမားတဲ့ Economy မဟုတ်သေးဘူး။ ဒီအခက်အခဲလေးတွေ တိုင်းပြည်ထဲမှာ ရှိနေပါသေးတယ်။ သို့သော် ကျနော်တို့က AEC လို့ ပြောလိုက်ရင် သူက Trade, Investment, Services ဒီကဏ္ဍကြီး (၃) ခု ရှိတဲ့အပိုင်းမှာ ကျနော်တို့ Investment က AEC မှာ လွယ်လွယ်ကူကူ ဝင်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံရဲ့ မျှော်မှန်းချက်က အာဆီယံသည် Single Protection Place ဆိုပြီး အာဆီယံသည် တခုတည်းသော ထုတ်လုပ်မှုဒေသကြီးဖြစ်အောင် ရည်ရွယ်တဲ့အတွက်ကြောင့်မို့ Global Value Change ထဲမှာ မြန်မာနိုင်ငံက Law ယူမယ်။ ထိုင်းနိုင်ငံက … မလေးရှားက … စသဖြင့်လုပ်မယ်။ အဲဒီတော့ ဒီ Value change တခုလုံးကို အာဆီယံက စဉ်းစားပြီး Investment Law ရေးဆွဲလိုက်တဲ့အခါမှာ အားလုံးသတိထားမိမှာပါ အဲဒီအတွက်ကို မြန်မာနိုင်ငံ ဝင်သွားလို့ရအောင် ဘာလုပ်ထားလဲဆိုရင် မြန်မာနိုင်ငံကို လာပြီးလုပ်တဲ့ Investors တွေသည် Process လုပ်မယ်။ နိုင်ငံခြားကို 100% ပြန်ပို့မယ်ဆိုရင် စဝင်ကတည်းက Duty မကောက်ဘူး။ Duty မကောက်တဲ့အတွက်ကြောင့်မို့ တခြားနိုင်ငံတွေမှ မြန်မာနိုင်ငံက Law ကို ယူပြီးမှ တခြားနိုင်ငံကိုသွားတာဖြစ်ဖြစ်၊ အထူးသဖြင့် တခြားနိုင်ငံတွေက တပိုင်းတစ တပ်ဆင်လိုက်မယ် မြန်မာနိုင်ငံကိုပို့မယ်။ မြန်မာနိုင်ငံက လုပ်သားအင်အားပေါတဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံမှာ Labor Intensive လုပ်ရမှာကို မြန်မာနိုင်ငံမှာလုပ်မယ်။ ပြီးရင် စင်္ကာပူကိုပို့မယ်။ ဒါမှမဟုတ် မလေးရှားပို့မယ်။ အင်ဒိုနီးရှားပို့မယ်။ အဲဒီလို ပို့တဲ့ဟာတွေမှာ Duty တွေ ကောက်နေမယ်ဆိုရင် သူတို့က မလာတော့ဘူး။ ဒါကြောင့် ကျနော်တို့ ဘာလုပ်လဲဆိုတော့ မြန်မာနိုင်ငံကိုလာမယ် Process လုပ်မယ်။ ပြန်ပို့မယ်ဆိုတဲ့ဟာတွေကို Duty မကောက်တော့ဘူး။ အဲဒီအတွက်ကြောင့်မို့ မြန်မာနိုင်ငံသည် AEC မှာပါဖို့အတွက်ကို ကိုယ့်ဥပဒေက ပြင်ဆင်ထားပြီသာ ဖြစ်သွားတယ်။ နောက်ဆက်တွဲ တိုင်းပြည်မှာ တိုင်းပြည်ရဲ့ အခြေခံကောင်းလေးတွေ ရှိထားပြီသား။ ဥပမာ တိုင်းပြည်သည် လုပ်သားအင်အားပေါတယ်။ ဒါကြောင့်မို့ လုပ်သားအင်အားပေါတာကို စိတ်ဝင်စားတဲ့ လုပ်ငန်း၊ ပုဂ္ဂိုလ်တွေသည် လုပ်သားအင်အားများတဲ့အတွက် သူများနိုင်ငံမှာ အလုပ်သမား ဆယ်ယောက်သုံးတဲ့အခါမှာ ဥပမာ ဒေါ်လာ ငါးရာကုန်မယ့်ကိစ္စ၊ မြန်မာနိုင်ငံမှာ လုပ်သား ဆယ်ယောက်သုံးရင် ဒေါ်လာသုံးရာလောက်နဲ့ ပြီးသွားနိုင်တယ်။ ဒီလိုမျိုးကိစ္စတွေမှာ ကျနော်တို့က မြန်မာနိုင်ငံက ရှိထားပြီသား။ ဒါကြောင့်မို့ ကျနော်တို့ Skills intensive ကို သွားချင်တာ။ နောက်တချက်က မြန်မာနိုင်ငံက Natural Resource ရှိတယ်။ စိတ်ဝင်စားသူတွေ မြန်မာနိုင်ငံကို လာနိုင်တယ်။ မြန်မာနိုင်ငံက (၅၄) သန်းလောက် ရှိတယ်ဆိုတော့ Market က ရှိပြီသား။ အဲဒီတော့ Market စိတ်ဝင်စားတဲ့ Investor တွေလည်း မြန်မာနိုင်ငံကို လာကြမယ်ပေါ့။ AEC ကို ပြန်ပြောလိုက်ရင် Investment အနေနဲ့ ဘာမှ အခက်အခဲ မရှိဘူး။ အလိုက်သင့် လိုက်သွားလို့ရတယ်။ သို့သော်လဲ Trade မှာ ကျနော်တို့က Impact ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အာဆီယံ Products တွေက မြန်မာနိုင်ငံကို Tariff Zero နဲ့ ဝင်လာတာ။ ကိုယ့် Local SMEs လေးတွေမှာ Competition များလာနိုင်တယ်။ နံပတ်နှစ်က Trade Deficit များလာနိုင်တယ်။ Trade နဲ့ ပတ်သက်တဲ့ Constraint လေးတွေ ရှိနိုင်တယ်။ Services ဒီလောက်ကြီး မရှိနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်က Service Industry က သိပ်အားမကောင်းသေးဘူး။ သိပ်မကောင်းသေးတော့ Services နဲ့ ပတ်သက်လာရင် ကျနော်တို့ သိပ်အခက်အခဲ မရှိနိုင်ဘူး။ သို့သော်လဲ ကိုယ့်တိုင်းပြည်က ရှိနေတဲ့ ဥပမာ ဒေါက်တာ ဆရာဝန်တွေ၊ စာရင်းကိုင်တွေ၊ ရှေ့နေတွေ ဒါမျိုးတွေမှာတော့ ကျနော်တို့က ဆက်ပြီးတော့ ကိုယ့်ကိုယ်ကို Competitive ဖြစ်အောင် လုပ်ရမယ့်ကိစ္စမျိုးတွေတော့ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေနဲ့ ပတ်သက်လို့ ဘယ်ကဏ္ဍမှာ ရင်းနှီးမြုပ်နံှမှုသည် မြန်မာနိုင်ငံအတွက် အကျိုးရှိဆုံး ဖြစ်မယ်လို့ သုံးသပ်လို့ ရပါလဲရှင့်။

ဦးအောင်နိုင်ဦး ။ ။ လတ်တလော အနေအထားကတော့ ကုန်ထုတ်လုပ်မှုကဏ္ဍ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်သည် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ များများလာမှ Export လည်း များများသွားနိုင်မယ်။ Export များများသွားနိုင်မှ တိုင်းပြည်က ခံစားနေရတဲ့ Trade Deposit ပျောက်သွားမယ်။ ဒါကြောင့်မို့ လတ်တလောမှာ ကျနော်တို့ Promo လုပ်နေတာက Manufacturing ကို Promo လုပ်တယ်။ Manufacturing အောက်ထဲမှာ ထပ်ပြီး Promo ပိုလုပ်တာက Labor Intensive ဥပမာ အထည်ချုပ်စက်ရုံတခု ထောင်လိုက်ရင် လူထောင်ကျော် အလုပ်အကိုင် အခွင့်အလမ်းရတယ်။ တဘက်မှာလဲ Export ကို တခြားနိုင်ငံကို များများသွားနိုင်တယ်။ နောက်တခုက Food processing မြန်မာနိုင်ငံမှာ လယ်ယာကဏ္ဍက Products တွေ အများကြီးထွက်တယ်။ သို့သော်လဲ Food Processing ပတ်သက်ပြီးတော့ ဟုတ်တိပတ်တိ Investment မရှိဘူး။ အဲဒီတော့ ကျနော်တို့က အကယ်လို့ မြန်မာနိုင်ငံက ကိုယ့်တိုင်းပြည်ရဲ့ ရှိနေတဲ့ အခွင့်အလမ်းတွေကို အသုံးချနိုင်ရင် ဒေသအတွင်းမှာ Food Supplier အနေနဲ့ ရပ်တည်လို့ရတယ်။ ကျနော်တို့မှာ တကမ္ဘာလုံးမှာ စိုက်လို့ရတဲ့ သီးနံှတွေ အများအပြား စိုက်လို့ရတယ်။ နောက်တခုက မြေလွတ်မြေရိုင်းက အများကြီးရှိသေးတယ်။ ရေသယံဇာတက ရှိသေးတယ်။ ဒါကြောင့်မို့ စိုက်ပျိုးရေးပတ်သက်တဲ့ အခြေခံကောင်းလေးတွေ ရှိပြီသားဖြစ်တယ်။ သို့သော်လဲ ကျနော်တို့ ပြဿနာက ဘာလဲဆိုတော့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းထဲမှာပဲ ကျင်လည်ပြီးတော့ … ဟုတ်တိပတ်တိ Food processing ကို မလုပ်နိုင်ခဲ့ဘူး။ လယ်ယာကဏ္ဍကိုလည်း Promo မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ အခုနပြောသွားတဲ့ တိုင်းပြည်မှာရှိပြီးသာ အခြေခံကောင်းကို အခြေခံပြီးမှ သီးနံှထုတ်လုပ်မယ်။ Process food တွေလုပ်မယ်။ Export လုပ်မယ်ပေါ့။ ဒါတွေကလဲ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့ Food processing သည် Manufacturing အောက်မှာ ဦးစားပေးပြီး သွားပါမယ်။ တတိယဦးစားပေးက ဘာလဲဆိုတော့ Value Added Industry ပေါ့။ မြန်မာနိုင်ငံက အရင်တုန်းကဆိုရင် သစ်တွေအလုံးလိုက် ပို့တယ်။ အခုတော့ ရပ်ထားတယ်။ အဲဒီလို ပို့မယ့်အစား အချောကိုင် ပို့လိုက်ရင် ကိုယ့်တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းလည်းပေါမယ်။ ပို့တဲ့ပစ္စည်းကလည်း Value Added ဖြစ်တဲ့အတွက်ကြောင့်မို့ Export တန်းဖိုးမှာ တိုင်းပြည်က ပို့ရတယ်ပေါ့။ ဒုတိယအပိုင်းပြောရင်တော့ Agriculture ပေါ့။ တတိယကတော့ Infrastructure . ဒါတွေက မဖြစ်မနေ လိုတာပေါ့။ ဒီဟာတွေအပြင် Education, Healthcare ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍ ဒါတွေကလဲ Investment Promo လုပ်ဖို့ လိုတယ်ဆိုတော့ အခြေခံအားဖြင့် ကျနော်တို့ Promo လုပ်နေတာ ကဏ္ဍကြီး (၅) ခု - ကုန်ထုတ်လုပ်မှု၊ စက်ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တာ၊ ပညာရေး၊ ကျန်းမာရေး တို့ကို လုပ်သွားဖို့ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။